Who we are

WHO WE ARE:

We are brothers and sisters in Christ through God’s family…. 

 

This is good and it is pleasing in the sight of God our Savior, who desires all people to be saved and to come to the knowledge of the truth. (1Timothy 2:3-4)


ကျွန်ုပ်တို့သည် မည်သူတို့နည်းဆိုသော် -


ကျွန်ုပ်တို့သည် ဘုရားသခင်၏မိသားစုအဖြစ် ခရစ်တော်၌ ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်။ 

('ညီ​အစ်​ကို​တို့​သည် သ​ဘော​တူ​လျက် ပေါင်း​ဖော်​ကြ​သည်​အ​ရာ​မှာ အ​လွန်​ကောင်း​ပေ၏။ အ​လွန်​တင့်​တယ် လျောက်​ပတ်​ပေ၏။ အာ​ရုန်၏​ခေါင်း​ပေါ်​မှာ​လောင်း​လျက်၊ သူ၏​မုတ်​ဆိတ်​သို့​စီး၍၊ လည်​စွပ်​တိုင်​အောင်​ကျ​သော နံ့​သာ​ဆီ​ကဲ့​သို့​ဖြစ်၏။ ဟေ​ရ​မုန်​တောင်​နှင့် ဇိ​အုန်​တောင်​ရိုး​ပေါ်​သို့​ကျ​သော နှင်း​ကဲ့​သို့ ဖြစ်၏။ ထို​သို့​နေ​ကြ​သော​အ​ရပ်၌၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​အ​မြဲ​အ​သက်​ရှင်​ခြင်း​အ​ခွင့်​တည်း​ဟူ​သော ကောင်း​ချီး​မင်္ဂ​လာ​ကို စီ​ရင်​တော်​မူ၏။' ဆာလံကျမ်း။၁၃၃း၁-၃)

('သင်​တို့​သည် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် ချစ်​ကြ​လော့။ ငါ​သည်​သင်​တို့​ကို ချစ်​သည်​နည်း​တူ အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟု ပ​ညတ်​သစ်​ကို ငါ​ပေး၏။- ' ရှင်ယောဟန် ခရစ်ဝင်။ ၁၃း၃၄)

('ကျေး​ဇူး​တော်၌​လည်း​ကောင်း၊ ငါ​တို့​ကို ကယ်​တင်​တော်​မူ​သော အ​ရှင် သ​ခင်​ယေ​ရှု​ခ​ရစ်​ကို သိ​ကျွမ်း​ခြင်း၌​လည်း​ကောင်း ကြီး​ပွား​ကြ​လော့။ ထို​သ​ခင်​သည် ယ​ခု​မှ​စ၍ ထာ​ဝ​ရ နေ့​ရက်​ကာ​လ​ပတ်​လုံး ဘုန်း​အ​သ​ရေ ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။' ရှင်ပေတရုဩဝါဒစာဒုတိယစောင်။ ၃း၁၈)

('သူ​တို့​သည် သိုး​သ​ငယ်၏ အ​သွေး​အား​ဖြင့်​လည်း​ကောင်း၊ မိ​မိ​တို့​သက်​သေ​ခံ​ချက် နှုတ်​က​ပတ်​တ​ရား​အား ​ဖြင့်​လည်း​ကောင်း အောင်​မြင်၍၊ အ​သေ​ခံ​သည်​တိုင်​အောင် ကိုယ်​အ​သက်​ကို မ​နှ​မြော​ကြ။- 'ဗျာဒိတ်ကျမ်း။ ၁၂း၁၁)


'ငါ​တို့​သည် ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း၊ လျောက်​ပတ်​စွာ ကျင့်​ခြင်း​အ​မျိုး​မျိုး​ကို​ပြု၍၊- ငြိမ်​ဝပ်​ဆိတ်​ညံ​စွာနေ​ရ​မည်အ​ကြောင်း၊ ရှင်​ဘု​ရင်​မှ​စ၍ မင်း​အာ​ဏာ​ရှိ​သော သူ​အ​ပေါင်း​တို့​နှင့် လူ​အ​မျိုး​မျိုး​တို့​အ​ဖို့ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း၊ မေ​တ္တာ​ပို့​ခြင်း၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​ကို ရှေ့​ဦး​စွ​ပြု​စေ​ခြင်း​ငှာ ငါ​တိုက်​တွန်းသွေး​ဆောင်၏။- အ​ကြောင်း​မူ​ကား၊ ထို​သို့​သော အ​မှု​သည် ကောင်း​သော​အ​မှု​ဖြစ်၏။ ငါ​တို့​ကို ကယ်​တင်​တော်​မူ​သော အ​ရှင်​ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ​သော​အ​မှု​လည်း ဖြစ်၏။- 

လူ​အ​ပေါင်း​တို့​သည် ကယ်​တင်​ခြင်း​သို့​ရောက်၍ သ​မ္မာ​တ​ရား​ကို သိ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ၏။- 

ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ရှိ​တော်​မူ၏။ ဘု​ရား​သ​ခင်​နှင့် လူ​တို့၏ စပ်​ကြား​မှာ၊ လူ​ဖြစ်​သော ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော အာ​မ​ခံ​တစ်​ဦး​တည်း​ရှိ၏။- '

(တိ မော သေ ဩ ဝါ ဒ စာ ပ ထ မ စောင်။ ၂း၁-၆)